Ads 468x60px

Featured Posts

Blogroll

My Blogger TricksAll Blogger TricksAll Blogging Tips

သဘာဝ ခြင်နိုင်ဆေး

2558-09-08

သဘာဝ ခြင်နိုင်ဆေး
==============

ခြင်ဆေးခွေ၊ ပိုးသတ်ဆေး၊ မှုတ်ဆေး၊ ဖျန်းဆေးစတဲ့ ဓါတုဗေဒဆေးများ၏ အနံ့ကြောင့် နှာခေါင်းကင်ဆာနှင့် အခြား ဘေးထွက်ဆိုးကျိုးများမှ
ကင်းဝေးရန် အောက်ပါသဘာဝဆေးနည်းဖြင့် ခြင်အန္တရာယ်ကို ကာကွယ်နိုင်ကြပါသည်။
လက်တွေ့သုံးကြည့်ပြီး ထိရောက်မှုရှိသူများကတော့
နှစ်သက်သဘောကျနေကြပါတယ်။ အခုဆိုရင် နိုင်ငံခြားသားများကလည်း သဘာဝဆေးနည်းများကို ပိုမိုသုံးစွဲလာနေကြပါပြီ။
ခြင်ပေးစေမည့် လေးညှင်းသံပုရာလုပ်နည်း
၁။ သံပုရာသီး ၁ လုံးကို ၄ ကွင်းရအောင် လှီးလိုက်ပါ။
၂။ သံပုရာသီး ၈ ကွင်း (၂ လုံးစာ) လှီးထားပြီးလျှင် အစေ့များကို ဖယ်ပစ်ပါ။
၃။ ပုံထဲမှာ ပြထားသည့်အတိုင်း လေးညှင်းပွင့်လေးများကို သံပုရာကွင်းပေါ်ကို စိုက်ထားပါ။ အတွင်းထဲကို ၀င်နေအောင် စိုက်ပေးပါ။
၎။ သံပုရာကွင်းများကို ဗန်းတစ်ခုပေါ်တင်ပြီး ခြင်ပေါသည့်နေရာမှာ ချထားပေးပါ။
၅။ တစ်နေရာတည်း မထားလိုပါက အကွင်းလိုက်ယူ၍ ခြင်ပေါသည့်နေရာများမှာ လိုက်ပြီး ချထားပါ။
သံပုရာသီးနှင့်- လေးညှင်း၏ စူးရှပြင်းထန်သည့် ဓါတ်ပြုအနံ့တစ်ခုကြောင့် ခြင်များ မခံနိုင်၍ ပြေးပါလိမ့်မည်။
သံပုရာသီး၏ အနံ့သည် အများဆုံး ၃ ရက်သာ ခံပါသည်။ သံပုရာသီးခြောက်သွားသည့်အခါ အရည်ပြန်ထွက်လာအောင် ဖိညှစ်ပေးပြီး
ပြန်ထားပေးနိုင်ပါသည်။ သို့မဟုတ် အသစ်တစ်ခု ပြန်လဲပေးနိုင်ပါသည်။
ခြင်အန္တရာယ်နှင့် မီးဘေးအန္တရာယ်တို့မှ ကင်းဝေးပြီး အေးချမ်းစွာ နေနိုင်ကြပါစေ။
ဦးနေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ
ကိုးကား ။ ။ ယဉ်ယဉ်နိုင်မောင်

ကျန်းမာရေး သတင်းအကြောင်းအရာများ နေ့စဉ်ဖတ်ရန်
Online ဆေးခန်း >>> http://goo.gl/Q9UpvQ
#mmonlineclinic

ไม่มีความคิดเห็น:

แสดงความคิดเห็น

ကျွန်တော်ဘလော့လေးရောက်ရှိလာသောသူငယ်ချင်းအပေါင်းပျော်ရွင်ချမ်းပြည့်နိင်ကြပါစေ
 

Blogger templates

Blogger news

Blogroll

Followers

Blog Archive

လိုချင်တာရှိရင်စာထားခဲပါ