စမတ်ဖုန်းနဲ့ အချိန်တိုင်းစာရိုက်နေခြင်းဟာ ကျနော်တို့ရဲ့
နေ့စဉ်ဘ၀အစိတ်အပိုင်းတခု ဖြစ်လာပါပြီ။ ဒါဟာ လူ့ဦးနှောက်ကို
ပြောင်းလဲစေတယ်လို့ ဥရောပသုတေသီတွေက ဆိုပါတယ်။ ဇူးရစ် ETH တက္ကသိုလ်မှ
ဒေါက်တာအာကိုဂို့ရှ်ဟာ ညာသန်စေတနာ့ဝန်ထမ်းတွေကို EEG
ဦးနှောက်လှိုင်းတိုင်းခေါင်းဆောင်းတွေစွပ်ပြီး စမ်းသပ်ခဲ့ပါတယ်။
ဂို့ရှ်ဟာ ဖုန်းရဲ့တုံ့ပြန်ဆောင်ရွက်ပုံကို မှတ်တမ်းတင်ထားသလို ဖုန်းကိုလက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တို့နဲ့ ထိတွေ့မှုလုပ်စဉ်မှာ ဦးနှောက်ကဘယ်လိုလုပ်ဆောင်နေလဲဆိုတာကိုပါ လေ့လာခဲ့တာဖြစ်ပါ တယ်။ ဒီလိုတွေ့ရှိချက်တွေကိုလေ့လာရာမှာ ဖရီးဘော့ တက္ကသိုလ်ကျောင်းသူ မာဂလိုင်းရှီထရစ်က ကူညီပေးခဲ့ပါတယ်။
“ဒီလှုပ်ရှားမှုဟာ အရင်နေ့တွေက ဖုန်းသုံးစွဲချိန်ပမာဏနဲ့သွားပြီးတော့ ဆက်နွယ်မှုရှိနေတယ်။ ကျမတို့က ဖုန်းထဲက မှတ်တမ်းတွေ၊ ဘက်ထရီမှတ်တမ်းတွေကို သုံးတယ်။ ဦးနှောက်လှိုင်း မှတ်တမ်းအရ သုံးစွဲမှုအမြင့်ဆုံးကို ရောက်ပြီးတာနဲ့ ဦးနှောက်လှုပ်ရှားမှုကလည်း ပိုမြင့်လာတာကို တွေ့ရတယ်။”
လက်မနဲ့လက်ညှိုးထိပ်ဖျားတွေကို ချိတ်ဆက်တုံ့ပြန်ပေးတဲ့ ဦးနှောက်အပြင်လွှာရဲ့ လှုပ်ရှားမှုဟာ ဖုန်းအလွန်အကျွံ သုံးစွဲမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ်။
“ဟောဒီအနီစက်လေးတွေနဲ့ လျှပ်ခေါင်းတွေရဲ့အချက်ပြတွေကို တိုင်းတာဖို့ပေါ့နော်။ လူတယောက်နဲ့ တယောက်ကြားမှာ လျှပ်စစ်အချက်ပြတွေ အကြီးအကျယ် ခြားနားသွားပုံကို ကြည့်ပြီး လွန်ခဲ့တဲ့ ၁၀ ရက်အတွင်းက ဖုန်းကို ဘယ်လောက်သုံးခဲ့တယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။”
Current Biology ဂျာနယ်မှာဖော်ပြထားတဲ့ ရလဒ်တွေအရတော့ ထိတွေ့မျက်နှာပြင်ကို အကြိမ်ကြိမ်ထိတွေ့ခင်းဟာ ဦးနှောက်အပြင်လွှာပိုင်းအာရုံခံလုပ်ငန်းစဉ်ကို အသစ်တဖန် ပုံသွင်းနိုင်တယ်လို့ ဆိုပါတယ်။
စမတ်ဖုန်း သုံးစွဲမှုဟာ ဦးနှောက်ရဲ့ပြောင်းလွယ်ပြင်လွယ်ရှိမှုကို လေ့လာဖို့နဲ့ ရှေ့ဆက် စမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ဂို့ရှ်က ပြောပါတယ်။
“ဒါကြောင့်ကိုပဲ ဖုန်းမှတ်တမ်းတွေကို အသေးစိတ်ပြန်ကြည့်ဖို့က ခိုင်လုံတဲ့ အကြောင်းပြချက်တခု ဖြစ်လာပါတယ်။ ဒါမှသာ ဒီ ဒစ်ဂျစ်တယ်မှတ်တမ်းတွေကိုသုံးပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို နားလည်နိုင်မှာပါ။ ဦးနှောက်ရဲ့ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကိုလက်တွေလေ့လာပြီး ထိရောက်တဲ့ ဖြေရှင်းချက်တွေကို တိုးတက် ဖော်ထုတ်လာနိုင်မှာဖြစ်ပါတယ်။”
ကမ္ဘာတ၀ှမ်းမှာ စမတ်ဖုန်းသုံးစွဲသူ ၂ ကုဋေနီးပါးခန့်ရှိပါတယ်။ ဖုန်းမှတ်တမ်းတွေက တိကျတဲ့ အချက်အလက်အမြောက်အများကို ပေးနိုင်တာမို့ ဒီအရင်းအမြစ်ဟာ တကယ့်ကို အဖိုးတန်ပါတယ်လို

ไม่มีความคิดเห็น:
แสดงความคิดเห็น